ချမ်းသာအောင်မြင်သူတွေဆီက အတုယူသင့်တဲ့ အကျင့်ကောင်း (၅) မျိုး

  • Credit-Kwee
  • luckymen

အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်က ဘာလဲလို့ မေးရင် ဘယ်တော့မှ အဖြေတစ်မျိုးတည်း မထွက်ပါဘူး။ အကြံပေးချင်တာက တကယ်ချမ်းသာအောင်မြင်သွားသူတွေ ကျင့်သုံးတဲ့ အလေ့အကျင့်မျိုး ကိုယ်လည်း အတုယူပြီး လိုက်လုပ်ဖို့ ပါပဲ။

(၁) မပျင်းနဲ့

Source: Freepik

Alpha M လို့ ခေါ်တဲ့ YouTube ချန်နယ်က Vlogger အာရွန်မာရီနိုရဲ့ စကားအတိုင်းဆိုရင် အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်တစ်ခုပဲ ရှိပါတယ်။ အဲ့ဒါက ဘယ်တော့မှ မပျင်းဖို့ပါ။ အောင်မြင်ဖို့အတွက် နံပါတ်တစ် လျှို့ဝှက်ချက်က ဘယ်တော့မှ မပျင်းရိဖို့ပဲ ဖြစ်ပါတယ်။

(၂) တစ်ခုတည်းကို အကောင်းဆုံး လုပ်ပါ

Source: Freepik

ဟိုဟာစပ်စပ် ဒီဟာစပ်စပ် လိုက်လုပ်တာထက် ကိုယ်ယုံကြည်မှု အရှိဆုံးနဲ့ အားအသန်ဆုံးအပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခြင်းက အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ထဲမှာ ပါပါတယ်။ အရာရာတိုင်းကို အရိုးရှင်းဆုံးဖြစ်အောင် လုပ်ပါ။ ရှင်းရှင်းလင်းလင်း မြင်အောင် လုပ်ပြီး ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းရည်နဲ့ လုပ်အားကို ထည့်သုံးမယ်ဆိုရင် တကယ်အောင်မြင်ပါတယ်။

(၃) ငွေက သင့်အတွက် အလုပ်လုပ်အောင် ခိုင်းတတ်ပါစေ

Source: Freepik

“ငွေရဖို့ အလုပ်မလုပ်ပါနဲ့ ၊ ဒါက မြန်မြန်ဆန်ဆန်ပဲ ပျက်စီးသွားမှာပါ။ ဘယ်တော့မှလည်း ကိုယ်လုပ်တာအတွက် အားရကျေနပ်မှုလည်း ရှိမှာ မဟုတ်ပါဘူး” လို့ Apple အမှုဆောင်အရာရှိချုပ်က အကြံပေးခဲ့ဖူးပါတယ်။
ပုဂ္ဂလိက ဘဏ္ဍာရေးပညာပေးကုမ္ပဏီ Rich Dad ကို ထူထောင်ခဲ့တဲ့ ရောဘတ်ကီရောစကီးကလည်း လေ့လာဖို့ အလုပ်လုပ်ပါ။ ငွေရှာဖို့ပဲ အလုပ်မလုပ်ပါနဲ့လို့ ပြောထားပါတယ်။ ငွေကို ကိုယ့်အတွက် အလုပ်လုပ်လာအောင် ခိုင်းတတ်သွားမယ်ဆိုရင် ငွေနဲ့ပြေးတမ်းလိုက်တမ်း ကစားပွဲမှာ မမောပန်းစတမ်း အနိုင်ရလာမှာ ဖြစ်ပါတယ်။

(၄) တစ်ခြားသူတွေရဲ့ လူမှုကွန်ရက်ပေါ်က အောင်မြင်မှုပဲ ကြည့်မနေပါပဲ

Source: Freepik

လူအများစုဟာ တစ်ခြားသူတွေကိုပဲ လိုက်ကြည့်နေတာနဲ့တင် ကိုယ့်ဘဝတိုးတက်အောင် လုပ်ဖို့ မေ့လျော့နေကြတယ်လို့ စကားရှိပါတယ်။ အောင်မြင်ချင်သူတွေဟာ တစ်ခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန် အဆက်ဖြတ်/ခွဲခြားလိုက်ရမလဲ သိတတ်ဖို့ လိုပါတယ်။ လူမှုကွန်ရက်ခေတ်မှာ Social Media ပေါ်က တစ်ခြားသူတွေ တင်ထားနေတဲ့ အကြွားပို့စ်တွေ ကြည့်ပြီး မခံချိမခံသာ ဖြစ်ရုံနဲ့တော့ ဘာအကျိုးမှလည်း ရှိမှာ မဟုတ်ပါဘူး။
ကိုယ့်လမ်းကြောင်းကို ကိုယ်ပဲ ခုတ်ထွင်ပါ။ အောင်မြင်ချမ်းသာအောင် ကိုယ့်ကို ပို့ဆောင်မှာ ကိုယ့်ရဲ့ ကံ ၊ ဉာဏ်နဲ့ ဝီရိယပဲ ရှိတယ်ဆိုတာ အမြဲနှလုံးသွင်းထားပါ။ အောင်မြင်အောင် ကြိုးစားနေချိန်မှာ တစ်ခြားသူတွေရဲ့ အမြင်တွေ ၊ ခြေလှမ်းတွေကို အလွန်အကျွံ အာရုံမစိုက်ဖို့ အမြဲပဲ ထိန်းချုပ်ထားဖို့ လိုပါတယ်။

(၅) အောင်မြင်မှု တံခါးကို အမြဲခေါက်နေပါ

Source: Freepik

ချမ်းသာဖို့အတွက် အလုပ်လည်း ကြိုးစား ၊ မိတ်ဆွေကောင်းတွေလည်း ရှာဖွေထားဖို့ လိုပါတယ်။ ကိုယ်လေးစားအားကျရတဲ့ အောင်မြင်ချမ်းသာသူတွေနဲ့ ရင်းနှီးရင် ပိုကောင်းပါတယ်။ နောက်တစ်ချက် တိုးတက်မယ့် စာတွေ အမြဲမပြတ် ဖတ်ရှုနေတာကလည်း အောင်မြင်မှုဆီ သွားတဲ့ လမ်းပေါ်က တံခါးတွေကို ခေါက်နေတာပဲ ဖြစ်ပါတယ်။

ဩဇာညောင်းတဲ့ အမျိုးသားတွေမှာရှိသော အမူအကျင့်များ

  • Credit Kwee
  • Luckymen

ဩဇာညောင်းတဲ့ လူတွေကို အများစုက တစ်ကိုယ်ကောင်းဆန်ကြတယ် သူတို့အတွက်ပဲ တွေးကြတယ်လို့ ထင်ထားကြတယ်။ ဒါက နားလည်မူလွဲမှားနေတာပါ။ တစ်ဖက်သားကို ဩဇာလွှမ်းမိုးနိူင်ဖို့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းနဲ့ ပြည့်စုံရပါမယ်။

ဒီနေ့ ဩဇာညောင်းတဲ့ အမျိုးသားတွေမှာရှိသော အမူအကျင့်တွေ အကြောင်းပြောပြပေးသွားမှာပါ။

သူတို့တွေဟာ စိတ်ထဲမှာရှိတဲ့အရာကို ထုတ်ဖော်ပြောဖို့ မကြောက်ဘူး

Source: Bright Side

သူတို့တွေက စိတ်ထဲမှာပြောချင်တဲ့ စကားတွေကို ထိန်းသိမ်းထားတက်တဲ့ လူမျိုးမဟုတ်ပါဘူး။ အများစုက တစ်ပါးသူကို ထိခိုက်စေမယ့်စကားတွေ ပြောရမှာ အားနာပြီး ထုတ်ဖော်ပြရမှာ ကြောက်တက်ကြတယ်။ ဒါ့ကြောင့် စိတ်ထဲမှာပြောချင်ပေးမယ့် ပြောမထွက်ကြဘူး။  ဒါပေမယ့် ဩဇာညောင်းတဲ့ အမျိုးသားတွေကျတော့ စိတ်ထဲရှိတာကို ပြောရမှာမကြောက်ကြဘူး။

ကျန်းမာရေးကို ဂရုစိုက်တယ်

Source: Bright Side

သူတို့အတွက် ကျန်းမာရေးက ထိပ်ဆုံးဦးစားပေးပါ။ ခန္ဓာကိုယ်ကျန်းမာရေးက စိတ်ကျန်းမာရေးနဲ့လည်း သက်ဆိုင်မူရှိပါတယ်။ ပြီးတော့ လူတွေရဲ့အတွေးအမြင်ကိုလည်း ပြောင်းလဲစေပါတယ်။ ဒါကြောင့် သူတို့ဟာ ကျန်းမာနေအောင် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်လေ့ရှိကြတယ်။

စာဖတ်ကြတယ်

Source: Bright Side

တစ်ပါးသူကို ဩဇာလွှမ်းတဲ့လူတိုင်း ညဏ်ကောင်းကြတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သူတို့ဟာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ တော်တော်များများကို ခြုံငုံမိနေတက်ကြတယ်။ ဒါဟာ သူတို့က စာဖက်တာကြောင့်ဖြစ်ပြီး သတင်းအချက်အလတ်တွေ စုဆောင်းရမှာ ဝါသနာထုံကြလို့ဖြစ်ပါတယ်။ သူတို့ဟာ အားအင်သုံးပြီးလုပ်ရတဲ့အလုပ်တွေထက် ဦးနှောက်သုံးပြီးလုပ်ရတဲ့ အလုပ်ကိုပိုပြီးနှစ်သက်ကြတယ်။

မိမိကိုယ်မိမိယုံကြည်မူရှိတယ်

Source: Bright Side

ဒီအချက်ကတော့ အထူးပြောနေစရာမလိုတော့ဘူးထင်ပါတယ်။ ဩဇာလွှမ်းတဲ့လူတိုင်းက မိမိကိုယ်မိမိ ယုံကြည်မူရှိကြတဲ့သူတွေဖြစ်ကြပါတယ်။ ဒါမှလည်း တပါးသူအပေါ် ဩဇာညောင်းနိူင်မှာပါ။ စကားပြောနေတဲ့အချိန်မှာ သူတို့မျက်လုံးကိုကြည့်လိုက်ရင် ယုံကြည်မူအပြည့်ရှိနေတာကို တွေ့နိူင်ပါတယ်။

လူကြီးလူကောင်းဆန်တယ်

Source: Man of the hour

သူတို့တွေက တစ်ပါးသူအပေါ် ကြင်နာတက်ကြတယ်။ ဒါပေမယ့် သူတို့တွေဟာ သူတို့ရဲ့ လိုအင်ဆန္ဒတွေကို ဦးစားပေးတက်ကြတယ်။ သူတို့အတွက် စဉ်းစားပြီးမှ တခြားလူအတွက်ကို စဉ်းစားကြတာပါ။ ဒါကြောင့်မို့လို့ လူအများက တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ကြတာပါ။